Sunday, August 7, 2011

မျက်လုံးနှင့် နှလုံးသား

မျက်လုံးနဲ့ ကြည့်ရင် အလင်းရောင်ပဲ မြင်ရလိမ့်မယ်

စိတ် ကိုကြည့်ချင်ရင် နှလုံးသား(စိတ်) နဲ့ ကြည့်မှ မြင်ရလိမ့်မယ်။

အမှန်ပေးရင် အမှန်ပြန်ရလိမ့်မယ် ကိုယ်က အမှန်မပေးပဲနဲ့တော့ အမှန်ပြန်လိုချင်လို့ ဘယ်ရမလဲ။
                                                       နေသွေးနေ

Thursday, August 4, 2011

လက်ဆောင်

ခေါင်းမှာ ဆောင်းဖို့ အတွက် ငြိမ်းချမ်းမှု
မျက်နှာမှာ ဆင်မြန်းဖို့ အတွက် အပြုံး
ခန္ဓာကိုယ်မှာ ဝတ်ဆင်ဖို့ အတွက် နွေးထွေးမှု
ခန္ဓာကိုယ်မှာ လွှမ်းခြုံဖို့ အတွက် အကြင်နာ
ခြေထောက်မှာ စီးဖို့ အတွက် ငါ
နေဖို့အတွက် လုံခြုံမှု
ခန္ဓာကိုယ် အာဟာရ အတွက် ငါ့အချစ်
လည်မှာဆွဲဖို့ အတွက် သစ္စာ
လက်မှာပတ်ဖို့ အတွက် စေတနာ
လက်ကိုင် ပိုက်ဆံအိတ် အတွက် ယုံကြည်မှု
ရင်မှာထိုးဖို့ အတွက် အေးချမ်းမှု
လက်ချောင်းလေးမှာ ဝတ်ဖို့ အတွက် နားလည်မှု
တစ်ကိုယ်လုံး မွှေးကြိုင်နေဖို့ အတွက် မြတ်နိုးမှု
လိုသလိုသုံးဖို့ အတွက် ခွင့်လွှတ်မှု
                                                                 နေသွေးနေ (မင်းအတွက်ငါ့ရဲ့ ထာဝရလက်ဆောင်)

Wednesday, February 23, 2011

လူဆိုတာ

လောကမှာလူမှန်ရင် အချက် (၃) ချက်နဲ့ကိုက်ညီမှုရှိရတယ်။
၁။  ကိုယ်ချင်းစာတတ်သောကြောင့်
၂။ သနားဂရုဏာရှိသောကြောင့်
၃။ ဆင်ခြင်တုံတရားရှိသောကြောင့် လူမည်၏။
ဆရာတော် ဥူးသုမင်္ဂံလ

Friday, January 7, 2011

စိတ်ထားတတ်ဖို့အရေးကြီးတယ်.....

စေတနာ သည် လူတိုင်းနဲ့
မတန်သည် မဟုတ်
လူတိုင်းနဲ့ တန်တဲ့
စေတနာမျိုး
ထားနိုင်ဖို့သာ လိုအပ်ပါတယ်.။ ။
...~ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

မသင့်တော်တဲ့ နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့ အကျင့်တွေ
မဖျောက်ပစ်ပါနဲ့
~ဓမ္မဒူတ ဆရာတော် ( မှော်ဘီ )

အသိပေးဆုံးမပေးမည့်သူကို ..
ရှာသင့်ပေမယ့်
ကိုယ်စကားနားထောင်မည့် သူကိုပဲ
ရှာနေကြတယ်။
~ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

ရေအိုးစင်က ရေသောက်ရတဲ့အခါ
သစ်ပင်ရိပ်မှာ နားခိုရတဲ့အခါ
ကျေးဇူးရှင်ဟာ ရေအိုးလား? ရေဖြည့်ပေးသူလား?
အခက်အရွက်လား? ပင်စည်လား?
~ဓမ္မဘေရီဆရာတော် (တောင်စွန်း)

အဆင်ပြေတာ မပြေတာထက်
နေသာဖို့က အရေးကြီးပါတယ်
နေတတ်ရင် နေသာပါတယ်။
~ဓမ္မဒူတ ဆရာတော် (မှော်ဘီ)

လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်.
~ဓမ္မဒူတ ဆရာတော် (မှော်ဘီ)
ဆရာတော် ဓမ္မဒူတ ဆရာတော် (မှော်ဘီ) ရဲ့ ဆုံးမစကားလေးတွေပါ ကောင်းလို့ ကျွန်တော်ဝေမျှပေးလိုက်ပါတယ်....

Thursday, December 2, 2010

ကောသလမင်းကြီး၏အိမ်မက် (၁၆) ချက် (သို့) ကမ္ဘာပျက်ဆီသို့?

၁။ နန်းယင်ပြင်ရှေ့တွင် နွားနက်ကြီး (၄)ကောင် ဝှေ့မည်ဟန်ပြုပြီးမှ မဝှေ့ပဲ ရှောင်လွှဲသွားကြသည် ဟုမြင်မက်ပုံ။
အဓိပ္ပာယ်။ တရားမစောင့်သော လူတို့လက်ထက် ထွန်ယက်စိုက်ပျိုးချိန်မှာ မိုးရွာမည့် ဟန်ဆင်ပြီးမှ မရွာပဲပျောက်ကွယ်သွားခြင်း။
၂။ ငယ်ရွယ်သောသစ်ပင်တို့သည် အရွယ်နှင့်မမျှအောင် အသီးများ သီးကြကုံ၏ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ ကိလေသာရာဂ ထူပြော၍ အရွယ်မရောက်ခင် အိမ်ထောင်ပြု၍ ကလေးများရခြင်း။
၃။ နွားမကြီးတို့သည် မွေးကင်းစ နွားကလေးတို့၏ နို့ကိုစို့ကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ ဂါရဝတရား ပျက်ပြားသော ကာလ၌သားသ္မီးငယ်တို့ထံ မိဘများ ရိုကျိုးခိုကပ်နေရခြင်း။
၎။ ခွန်အားဗလ ပြည့်စုံသော နွားကြီးများကိုပယ်ပြီး နုပျိုသောနွားငယ်များကို ဝန်အကြီးကြီးများတင်ခါ ရုံးစေသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါကြီးသော အမှုကိစ္စတာဝန်များအား လူကြီးများကိုပယ်ပြီး ငယ်ရွယ်သူတို့ကိုသာ ကျဉ်းကျပ်ဆုံးဖြတ်စေလိမ့်မည်ဟု ဟောပြောခြင်း။
၅။ ဦးခေါင်း နှစ်လုံးရှိသော မြင်းသည်နှစ်ဘက်သော ဦးခေါင်းနှင့် အစာစားသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါတွင် တရားစီရင်သောဋ္ဌာနများရှိ နှစ်ဦးထံမှလပ်ယူပြီး ထင်ရာမြင်ရာကို ဆုံးဖြတ်လိမ့်မည်ဟု ဟောပြောခြင်း။
၆။ အဖိုးတန်လှသော ရွှေခွက်ထဲသို့ ကျင်ငယ်စွန့်ပါလော့ဟု မြေခွေးအား အားပေးသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ ဆုတ်ယုတ်သောကာလတွင် အမျိုးမမှန်သော်လဲ အဖိုးတန် သ္မီးရတနာကို သိမ်းယူရန် တုပ်ခါဆက်သရလိမ့်မည်ဟု ဟောပြောခြင်း။
၇။ ကျစ်ဆဲဖြစ်သော ကျိုးလွန်အဖျားကို မြေခွေးငယ်က ခိုး၍စားနေသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါတွင် အမျိုးသ္မီးတို့သည် ကိုယ်ကျင့်တရား ပျက်၍ဆိတ်ငြိမ်ရာဋ္ဌာန၌ ငယ်ရွယ်သူတို့နှင့် ပျော်မြူး လိမ့်မည်ဟု ဟောပြောခြင်း။
၈။ လူတို့သည် ရေမရှိသောအိုးငယ်များ ရံသော ရေအပြည့်ရှိသောအိုးကြီးကိုသာ ရေလောင်းကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ မိမိတို့တွင် ရိက္ခာမပြည့်စုံသော်လည်း ကိုယ်ပိုင်ပစ္စည်းကို အာဏာပိုင်တို့ထံ ပို့ဆောင်ပေးကြရလိမ့်မည်ဟု ဟောပြောခြင်း။
၉။ အနားကြည်၍ အလယ်နောက်သော ရေကန်၌ သတ္တဝါများ ရေသောက်ကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါမြို့ရွာအလယ်၌ အခွန်နှိပ်စက်လွန်း၍ မြို့စွန်ရွာဖျားသို့ ပြောင်းရွှေ့နေကြလိမ့်မည်ဟု ဟောပြောခြင်း။
၁၀။ တအိုးတည်း၌ ချက်ထားသောထ္မင်းသည် ပျော့လွန်း မာလွန်း သင့်ရုံဟူ၍ သုံးမျိုးသုံးစား ကျက်သည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ တရားပျက်သော ကာလတွင် မိုးကွက်ကြားရွာခြင်းကြောင့် လယ်ယာညံ့ခြင်း၊ ဖျင်းခြင်း၊ ကောင်းခြင်းဟု သုံးမျိုးသုံးစား ကွက်ကြားသီးပွင့်မည်ဟု ဟောပြောခြင်း။
၁၁။ အဖိုးတန်သော စန္ဒကူး၊ ပတ္တမြား၊ စိန်တို့ကို ရက်တက်ပုတ်ရည်နှင့် လဲစားသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ တရားပျက်သောကာလတွင် မြတ်ဘုရား၏ တရားတော်ကို ပစ္စည်းဥစ္စာရရှိရန် ရည်မှန်း၍ လှည့်လည်ဟောပြောလိမ့်မည်ဟု ဟောပြောခြင်း။
၁၂။ အချည်းနှီးသော ဗူးတောင်းတို့သည် ရေလယ်၌ နစ်မြုပ်ကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်ကာလများတွင် အနှစ်မရှိ သူယုတ်တို့၏ စကားကိုသာ လူများနှစ်သက်၍ လက်ခံအတည်ပြုလိမ့်မည်ဟု ဟောပြောခြင်း။
၁၃။ မြွေကြီးကို ဖားငယ်က ကိုက်ဖြတ်စားသောက်နေသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်အခါကိလေသာအလိုကိုလိုက်၍ မိမိထက်ငယ်ရွယ်သူတို့နှင့် ပေါင်းသင်းနေထိုင်ခြင်းကြောင့် အနိုင်ခံရလိမ့်မည်ဟု ဟောပြောခြင်း။
၁၄။ ကျောက်ဖျာကြီးသည် လှေအသွင်ကဲ့သို့ ရေပြင်အလယ်၌ ပေါ်နေသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ ဆုတ်ယုတ်သောကာလတွင် သူတော်ကောင်းတို့၏ စကားကို လူတို့မနှစ်မြို့ပဲ ရှောင်လွှဲပါယ်စွန့်ကြလိမ့်မည်ဟု ဟောပြောခြင်း။
၁၅။ ယုတ်မာသော ကျီးကို ရွှေဟင်္သာံများက ခြံရံနေကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ တရားပျက်ချိန်၌ အကျင့်တရားနှင့် ပြည့်စုံသော သူတော်ကောင်းတို့သည် သူယုတ်မာထံ မှီခိုခယ၍ နေကြရလိမ့်မည်ဟု ဟောပြောခြင်း။
၁၆။ ကျားသစ်တို့ကို ဆိတ်များက လိုက်လံကိုက်သတ်စားကြသည်ဟု မြင်မက်ခြင်း။
အဓိပ္ပာယ်။ နောင်ကာလ၌ သူယုတ်မာတို့သည် မင်းမျှောင်စိုးကပ်ပြုလုပ်၍ သူတော်ကောင်းများကို ညှင်းပန်းနှိပ်စက်ကြလိမ့်မည်ဟု ဟောပြောခြင်း။
အထက်ပါ (၁၆) ချက်သည် ကောသလမင်းကြီး မက်ခဲ့သော အိမ်မက်များဖြစ်သည်။ ကောသလမင်းကြီးမက်ခဲ့သော အိမ်မက်များ တကယ်သာဖြစ်လာခဲ့ရင် ကျွန်တော်တို့ ကမ္ဘာကြီးတော့ မတွေးရဲ စရာအခြေအနေကို ရောက်သွားပါလိမ့်မယ်။ အခုလဲ ကောသလမင်းကြီးရဲ့ အိမ်မက်ထဲက တစ်ချို့အချက်တွေတောင် မှန်နေကြပါပြီ။ ကောသလမင်းကြီးရဲ့ အိမ်မက်တွေရဲ့ အခြေခံတဲ့ အချက်ကတော့ သီလ သမာဓိ တွေမြဲကြဖို့ပါပဲ။ သီလ သမာဓိ တွေသာမြဲမယ်ဆိုရင် ကောသလမင်းကြီးရဲ့ အိမ်မက်တွေကိုလည်း ကြောက်စရာ မလိုတော့ပါဘူး။ ကျွန်တော် ကြားဖူးတာလေးတစ်ခုကိုလည်း ဝေမျှချင်ပါသေးတယ် အဲ့ဒါကဘာလဲဆိုတော့ တူလေးတူ တူရင် ကမ္ဘာပျက်မည် ဆိုတာပါပဲ။ အဲ့ဒီ တူလေးတူတွေကတော့
၁။ ယောင်္ကျာံးလေး နဲ့ မိန်းကလေးတူရင်
၂။ ဘုန်းကြီးကျောင်းနဲ့ အိမ်တူရင်
၃။ ဘုန်းကြီးနဲ့ လူတူရင်
၎။ ပုဆိုး နဲ့ ထမိန် တူရင်၊ အဲ့ဒီ့ (၄)ချက်စလုံးတူရင် ကမ္ဘာပျက်ကိန်း ရှိတယ်လို့တော့ ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ ကျွန်တော်လဲ မပြောတက်ဘူး။
ကောသလမင်းကြီး၏အိမ်မက် (၁၆)ချက်ရဲ့ မူရင်းကို download လုပ်ချင်တဲ့သူတွေအတွက် အောက်ကလင့်(ခ်)မှာ လုပ်နိုင်ပါတယ်။
http://www.burmeseclassic.com/book_download_3.php?file=1220 download book here ဆိုတဲ့နေရာမှာ download လုပ်နိုင်ပါတယ် ခင်ဗျာ။

Thursday, November 25, 2010

မွေးရာပါ..

လူတိုင်းမှာ အတိတ်၊ ပစ္စုန်ပ္ပန် နဲ့ အနာဂတ်ကိုယ်စီရှိကြတယ်...
အတိတ်ဆိုတာက လေ့လာသင်ယူရန် နှင့် နောက်ထပ်မမှားရန် သင်ခန်းစာ...
ပစ္စုန်ပ္ပန်ဆိုတာက အမှားများကို အတိတ်နှင့် အနာဂတ်တွင်
ထပ်မတိုးအောင် နှင့် ထပ်မဖြစ်အောင် လုပ်ရသော သင်ခန်းစာ...
အနာဂတ်ဆိုတာက အမှားများကို ထပ်မလုပ်အောင် စီစဉ်တွေးတောရသော သင်ခန်းစာ...
ဒါပေမယ့် လူတွေက အတိတ်မှာ နေဖို့ ဒါမှမဟုတ် အနာဂတ်မှာ နေဖို့ပဲ စဉ်းစားကြတယ်
ပစ္စုန်ပ္ပန်မှာတော့ နေဖို့မေ့နေကြတယ် ပစ္စုန်ပ္ပန်ကနေပြီး အတိတ်ကိုရော
အနာဂတ်ကိုရော ဇောက်ထိုးဖြစ်သွားအောင် လုပ်နိုင်တယ်ဆိုတာကို သတိမရကြဘူး...
ပစ္စုန်ပ္ပန်ကနေပြီး အတိတ်ရော အနာဂတ်ရော ဖြစ်သွားတယ် ဆိုတာကိုသတိမရကြဘူး...
ပစ္စုန်ပ္ပန်မှာသာ လူတွေနေကြမယ်ဆိုရင် စိတ်ကြေနပ်မှုတွေ ရကြပါလိမ့်မယ်...


 နေသွေးနေ (ဟောဗျာ ကျွန်တော် ဒီစာရေးနေတာတောင် အတိတ်ဖြစ်သွားပြီ....)

သူတို့ပြောတဲ့အချစ်ဆိုတာ....

သူတို့ပြောတဲ့ အချစ်

ဘာကို ရိုမန်တစ်ဖြစ်တယ်လို့ ခေါ်သလဲ?
ကောင်မလေးက သူ့ကို မချစ်မှန်းသိရက်နဲ့ ကောင်မလေးကို နှင်းဆီပန်း ၉၉၉ပွင့်
လက်ဆောင်ပေးတာကို ခေါ်တယ်။

ဘာကို ဖြုန်းတီးတယ်လို့ ခေါ်သလဲ?
ကောင်မလေးက သူ့ကိုချစ်မှန်း သိရက်နဲ့ နှင်းဆီပန်း ၉၉၉ပွင့်
လက်ဆောင်ပေးတာကို ခေါ်တယ်။

လူသတ္တ၀ါဆိုတာ ငှက်နဲ့တူတယ်။ အတောင်တစ်စုံစီ ရှိကြတယ်။ တောင်ပံတစ်ခုက
ယောက်ျား၊ တစ်ခုက မိန်းမ။ တူညီတဲ့ အင်အားနဲ့ သန်မာတဲ့ အတောင်နှစ်ခုကို
တက်ညီလက်ညီ ခပ်ပေးမှ ကောင်းကင်အမြင့်ကို ပျံသန်းနိုင်မှာဖြစ်တယ်။

လက်ထပ်ခြင်းဆိုတာ အချစ်ရဲ့ သင်္ချိုင်းတဲ့။ ဒါပေမဲ့ လက်မထပ်ခဲ့ရင် အချစ်က
မြုပ်နှံရာ နေရာမရှိဘဲ သေဆုံးသွားလိမ့်မယ်။

မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပြီးနောက် အဲဒီယောက်ျားဟာ သူ့ရှေ့ရေးကို
ဘယ်တော့မှ စိတ်မပူတော့ဘူး။ ယောက်ျားတစ်ယောက်ကို လက်ထပ်ပြီးနောက်
အဲဒီမိန်းမဟာ သူ့ရှေ့ရေးကို အမြဲစိတ်ပူနေတတ်တယ်။

ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တယ်။ တစ်ချောင်းနဲ့တစ်ချောင်း မခွဲမခွါ
အတူနေရပြီး ချို၊ ချဉ်၊ ဖန်၊ စပ်.... ဟင်းအရသာတွေလို ဘ၀ရဲ့ ချိုမြိန်မှု၊
ခါးသီးမှုတွေကို အတူတကွ ခံစားကြရတယ်။ ဒီလိုတူက တစ်ခါသုံးတူ မဟုတ်ဘဲ
ကြာရှည်အသုံးခံ၊ အကြမ်းခံတဲ့ ဆင်စွယ်တူဖြစ်ရမယ်။

ယောက်ျားလေး ပိုက်ဆံထုတ်ရှင်းတာ ချစ်သူကြောင့်မို့၊
မိန်းကလေး ပိုက်ဆံထုတ်ရှင်းတာ လင်မယားကြောင့်မို့၊
ယောက်ျားလေးရော၊ မိန်းကလေးရော ပိုက်ဆံလုရှင်းကြတာ သူငယ်ချင်းတွေမို့လို့။

လက်ထပ်တယ်ဆိုတာ ၁+၁=၂ မဟုတ်ဘူး။ ၀.၅+၀.၅= ၁ ပဲဖြစ်တယ်။
ကိုယ်စီမှာရှိတဲ့ ဥပဓိရုပ်တွေကို ခွာချ၊ အတ္တမာနတွေ ခွာချ၊ အပြစ်အနာအဆာတွေ
ခွာချပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်တာဖြစ်တယ်။

အကောင်းဆုံး ကုန်ပစ္စည်းက ကြော်ငြာထဲမှာပဲရှိတယ်။
လုံးဝ ပြီးပြည့်စုံတဲ့လူက ကဗျာထဲမှာပဲရှိတယ်။
လုံးဝ အပြစ်ကင်းတဲ့ အချစ်က ၀တ္ထုထဲမှာပဲရှိတယ်။
ချွတ်ယွင်းချက်မရှိတဲ့ အိမ်ထောင်ဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်။
အကောင်းဆုံးကို လူတိုင်းလိုချင်ကြတယ်။ အကောင်းဆုံးကိုရဖို့
မျှော်ကိုးနေလို့ မဖြစ်ဘူး။ ကိုယ်တိုင်ရှာဖွေ ကျင့်သုံးမှ ရမယ်။
ကျွန်တော်ရေးထားတာမဟုတ်ပါ.